ရစ်ဘာရီအား ချယ်လ်ဆီးအသင်းမှ ခေါ်ယူသွားဖွယ်ရှိ
ချယ်လ်ဆီးအသင်းသည် ဖရန့်ခ်ရစ်ဘာရီကို
ကြီးမားသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း
သိရသည်။ ယခုအခါ အဆိုပါ အသင်းနှစ်သင်းကြားတွင် အသက်(၂၆)နှစ်အရွယ်
ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်မှုအတွက် ပြောင်းရွှေ့ကြေးဆိုင်ရာ
သဘောတူညီမှုတစ်ခု ရရှိပြီးဖြစ်ကြောင်း ယုံကြည်ရဖွယ်ရှိကြောင်း
သတင်းများကဆိုသည်။ ထွက်ပေါ်နေသော သတင်းများ၏ အဆိုအရ ချယ်လ်ဆီးသည်
ရစ်ဘာရီအတွက် ပေါင်(၄၃)သန်းဖြင့် ကမ်းလှမ်းမှုအား ဂျာမန်ကလပ်အသင်း
ဘိုင်ယန်မြူးနစ်က လက်ခံလိုက်ပြီဖြစ်သော်လည်း လစာကိစ္စ ညှိနှိုင်းမှုများ
အဆင်မပြေသေးကြောင်း သိရသည်။ ရစ်ဘာရီက တစ်ပါတ်လုပ်ခ ပေါင်(၁၂၅၀၀၀)ထိ
တောင်းဆိုထားသော်လည်း ချယ်လ်ဆီးကမူ ပေါင်(၉၀၀၀၀)သာ ပေးလိုသည်။
အင်္ဂလန်ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်သည်လည်း ရစ်ဘာရီကို ခေါ်ယူရန်
ကြံစည်နေသော်လည်း လန်ဒန်အခြေစိုက် ကလပ်အသင်းက လက်ဦးမှုယူသွားဖွယ် ရှိနေသည်။
မန်ချက်စတာ နောက်ခံလူ ပက်ထရစ် အီဗရာက ၎င်း၏နိုင်ငံအသင်း ကစားဖော်အား အသင်းက
ခေါ်ယူနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရစ်ဘာရီသည်
ဥရောပထိပ်သီး အသင်းများ၏ ပစ်မှတ်ကစားသမား ဖြစ်လာနေပြီး ဥရောပနှင့်
စပိန်ချန်ပီယံ ဘာစီလိုနာကလည်း စိတ်ဝင်စားနေသည်။ ထို့အတူ စပိန်နာမည်ကြီးကလပ်
ရီးယဲလ်မက်ဒရစ်၏ ဘုတ်အဖွဲ့တွင် တာဝန်ယူမည်ဟု အတည်ပြုထားသော ပြင်သစ်ဂန္တ၀င်
ဘောလုံးသမားကြီး ဇင်နဒန်းဇီဒန်းကလည်း အိုလံပစ်မာဆေးလ် ကစားသမားဟောင်းကို
ခေါ်ယူရန် ရီးယဲလ်အသင်းကို တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
ဒဏ်ရာများနှင့်ရှာရာပိုဗာ ပြင်သစ်အိုးပင်းတွင် ပြန်လည်ပါဝင်လာ

ဂျာရတ်ပစ်ကေးအား ရောင်းချခဲ့ခြင်းအတွက် ဖာဂူဆန်နောင်တရနေ


မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဂျာရတ်ပစ်ကေးအား ဘာစီလိုနာအသင်းသို့ ပြန်လည်ရောင်းချခဲ့သည့် ၎င်း၏ဆုံးဖြတ်ချက်အတွက် ယခုအချိန်တွင် နောင်တရနေမိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ Sky Sportsနှင့် အင်တာဗျူးအစီအစဉ်တွင် စကော့နည်းပြကြီးက ယခုနှစ် ဘောလုံးရာသီ အစောပိုင်းက အဆိုပါ အသက်(၂၂)နှစ်အရွယ် စပိန်ကစားသမားလေးအား ပေါင်(၅)သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းသည် ယခုအခါ အမှားတစ်ခုဟု ခံစားလာရကြောင်း ၀န်ခံခဲ့သည်။ ပစ်ကေးသည် ဘာစီလိုနာ လူငယ်အသင်းမှ မန်ချက်စတာသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ယမန်နှစ်အတွင်း မန်ချက်စတာအသင်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် ဆုဖလားများ ဆွတ်ခူးရာတွင် တစ်ထောင့်တစ်နေရာမှ အစွမ်းပြ ပါဝင်ခဲ့သည်။
၎င်းသည် ဗဟိုနောက်ခံလူ နေရာတွင် ရီယိုဖာဒီနန်နှင့် နီမန်ဂျာဗီဒစ်တို့ကြောင့် အမြဲတမ်း ပွဲထွက်ခွင့် မရရှိခဲ့သော်လည်း ပွဲအတော်များများ ကစားခွင့် ရခဲ့သလို တိုးတက်မှုများလည်း ရှိခဲ့သည့်တိုင် ဖာဂူဆန်က ပစ်ကေးအား ဘာစီလိုနာသို့ ပေါင်(၅)သန်းခန့်ဖြင့် ပြန်လည်ရောင်းချခဲ့သည်။ ပစ်ကေးသည် ဘောလုံးရာသီ အစပိုင်းတွင် ဘာစီလိုနာ အရံခုံတွင်သာ အထိုင်များခဲ့သော်လည်း မက္ကစီကို နောက်ခံလူ ရာဖေးလ်မားကွက်ဇ် ဒဏ်ရာရပြီးနောက်ပိုင်း အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိလာပြီးနောက် ဘာစီလိုနာအသင်း အမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ချန်ပီယံဘွဲ့များ ဆွတ်ခူးနိုင်ရေးအတွက် အဓိကနေရာမှ ပါဝင်လာခဲ့သည်။ “ဒီကောင်လေးကို ကျွန်တော် အမြဲတမ်း သဘောကျခဲ့တာပါ။ သူက ကြိုးစားတယ်။ ဇွဲကောင်းတယ်။ နောက်တန်းလူ တစ်ယောက်အနေနဲ့ တည်ငြိမ်တယ်။ သူ့ကို ရောင်းထုတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ”ဟု ဖာဂူဆန်ကဆိုသည်။ ပစ်ကေးအား ပထမအသင်း ပွဲထွက်ကစားသမားနေရာအတွက် အာမခံချက် မပေးနိုင်သလို ဂျွန်နီအီဗန်စ်၏ ခြေစွမ်းထက်လာမှုများကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖာဂူဆန်က ဆိုသည်။ စပိန်လက်ရွေးစင် အသင်းအတွက် (၃)ပွဲကစားပြီး (၁)ဂိုးသွင်းပေးထားသည့် ပစ်ကေးသည် လက်ရှိဘာစီလိုနာအသင်း၏ ခံစစ်တွင် အဓိကနေရာမှ ရပ်တည်နေနိုင်ပြီး မေလ(၂၇)ရက်နေ့တွင် မန်ချက်စတာနှင့် ဘာစီလိုနာတို့ တွေ့ဆုံမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင်လည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။
ရှီးရားယားအား စာချုပ်သစ်အတွက် နယူးကာဆယ်လ်ကမ်းလှမ်းမည်
သမိုင်းဝင်မှတ်တမ်းများနှင့် ချန်ပီယံလိဂ် ချန်ပီယံဘာစီလိုနာ
ဘာစီလိုနာကစားသမားများ ရွန်နီကို ထိတ်လန့်နေဟုဆို
စီရော်နယ်လ်ဒို၏ လေ့ကျင့်ရေးကွင်းဒဏ်ရာ စိုးရိမ်စရာမရှိ

လေ့ကျင့်ရေးကွင်းတွင်ထိခိုက်ဒဏ်ရာရခဲ့သည့်ကိစ္စအတွက်စိုးရိမ်စရာမလိုကြောင်းခရစ္စတီယာနိုရော်နယ်လ်ဒိုကထုတ်ဖော်
ပြောဆိုလိုက်ပြီး၎င်းသည်လီယွန်နယ်မက်ဆီနှင့်ဘာစီလိုနာအသင်းကိုယှဉ်ပြိုင်အနိုင်ယူရန်ကြံ့ခိုင်မှုအပြည့်ရှိနေကြောင်း
ထုတ်ဖော်ပြောကြားလိုက်သည်။မန်ချက်စတာယူနိုက်တက်သည်ဗိုလ်လုပွဲအမီဒဏ်ရာရလူနာများပြန်လည်သက်သာလာပြီး
အသင်းအင်အားပိုမိုတောင့်တင်းလာနေကြောင်းနည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်ကဆိုသည်။ဝက်စ်ဘရောင်းနှင့်ဂယ်ရီန
ဗီးလ်တို့ပြန်ကစားနိုင်နေပြီဖြစ်သလိုအဓိကနောက်ခံလူရီယိုဖာဒီနန်သည်လည်းကြံ့ခိုင်မှုအပြည့်အ၀ရရှိနေသောကြောင့်
ဗိုလ်လုပွဲတွင်ပါဝင်ကစားမည်ဖြစ်သည်။
ယခုလည်း
ရော်နယ်လ်ဒိုသည် လေ့ကျင့်ကွင်းတွင် မတော်တဆ
ထိခိုက်မှုတစ်ခုကြုံတွေ့ခဲ့သော်လည်းစိုးရိမ်စရာ
မရှိကြောင်းပြန်လည်ပြောကြားခဲ့သည်။အသက်(၂၄)နှစ်ရှိပေါ်တူဂီတောင်ပံတိုက်စစ်မှူးကယခုညတွင်ယှဉ်ပြိုင်ရမည့်ရော
မမြို့ဗိုလ်လုပွဲအတွက်စိတ်လှုပ်ရှားနေမိကြောင်းဝန်ခံခဲ့သည်။လက်ရှိအချိန်တွင်မန်ချက်စတာမှကစားသမားများကြံ့ခိုင်မ
ှုပြန်လည်ပြည့်ဝလာသော်လည်းဘာစီလိုနာမှအဓိကကစားသမားများဖြစ်သည့်ဇာဗီဟာနန်ဒက်ဇ်နှင့်သီအာရီအွန်နရီတို့မှာ
ကြံ့ခိုင်မှုအခြေအနေအတွက်သံသယဖြစ်ဖွယအနေအထားတွင်ရှိနေသေးကြောင်းသိရသည်။ရော်နယ်လ်ဒို“ကျွန်တော်ဘာ
စီလိုနာအသင်းကိုလေးစားပါတယ်။ဒါပေမယ့်ကျွန်တော်တို့အသင်းကလက်ရှိဥရောပချန်ပီယံဖြစ်သလိုဘာစီလိုနာထက်
လည်းပိုကောင်းတယ်လို့ယုံကြည်ထားပါတယ်”ဟုထုတ်ဖော်ပြောဆိုသွားသည်။Wednesday, May 27, 2009
ချန်ပီယံလိဂ်ဗိုလ်လုပွဲနွှဲမည့် မန်ယူ၏ အဓိကကစားသမားများ
![]()
Manchester United
|
ဒီနေ့ည(မေ၂၇)မှာ ယှဉ်ပြိုင်ကစားတော့မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထူးအစီအစဉ်အနေနဲ့ မန်ချက်စတာ ယူနိုက်
တက်အသင်းရဲ့ အဓိက ကစားသမားတွေအကြောင်းကို Planetက ခုလို ဖော်ပြပေးလိုက်ပါတယ်။
တက်အသင်းရဲ့ အဓိက ကစားသမားတွေအကြောင်းကို Planetက ခုလို ဖော်ပြပေးလိုက်ပါတယ်။
အက်ဒွင်ဗန်ဒါဆား (ဂိုး)
အသက်(၃၈)နှစ်
ရှိပြီဖြစ်တဲ့ ၀ါရင့်ဒတ်ခ်ျဂိုးသမားကြီးဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး
ဂိုးသမား တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ ဒီရာသီမှာ (၁၃၁၁)မိနစ်ဆက်တိုက်
ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဗန်ဒါဆားဟာ ချန်ပီ
ယံလိဂ်မှာ
ရှုံးပွဲမရှိခဲ့တဲ့ မန်ချက်စတာအတွက် အကောင်းဆုံး ကာကွယ်မှုတွေ
လုပ်ပေးနိုင်ခဲ့သူပါ။ ရာသီကုန်ရင် နားမယ်လို့ သတင်းကြီးနေပေမယ့်
ဗန်ဒါဆားကတော့ အောင်ပွဲတွေ ဆာလောင်နေဆဲပါပဲ။ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို
ကိုင်မြှောက်ခွင့် ရခဲ့မယ်ဆိုရင်တော့ ဗန်ဒါဆားရဲ့ ဘောလုံးသမားဘဝ
နေ၀င်ချိန်တွေဟာ ပိုပြီးထွန်းလင်း လာပါလိမ့်မယ်။
နီမန်ဂျာဗီဒစ် (နောက်တန်း)
ဒီနှစ်
ပရိသတ်ကရွေးချယ်တဲ့ဆုနဲ့ မန်ချက်စတာ ဘောလုံးသမားတွေက ရွေးချယ်တဲ့ဆု
နှစ်ခုလုံးကို ရယူပြီး တစ်နှစ်တာအတွက် မန်ချက်စတာယူနိုက်တက် အကောင်းဆုံး
ကစားသမားဆုကို လက်ခံရရှိထားပါတယ်။ အသက်(၂၇)နှစ် ရှိပြီဖြစ်တဲ့
ဆာဘီးယားလက်ရွေးစင် ဗဟိုခံစစ်မှူးဟာ အရမ်းသွေးအေးတည်ငြိမ်ပြီး အမှား
လည်းနည်းတဲ့ ကစားသမားပါ။ တွဲဖက်ခံစစ်မှူး ရီယိုဖာဒီနန်နဲ့လည်း လက်တွဲညီညီ ကစားနိုင်တဲ့အတွက် မန်
ချက်စတာဟာ
အကျစ်လစ်ဆုံး ခံစစ်အုတ်တံတိုင်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဘာစီလိုနာဘက်က အီတူး၊ မက်ဆီတို့ကို အဓိကထိန်းချုပ်ပြီး
မန်ချက်စတာကို အောင်ပွဲဆီတွန်းတင်ဖို့ ဗီဒစ်တစ်ယောက် အဆင်သင့်
ဖြစ်နေလောက်ပါပြီ။
ရီယိုဖာဒီနန် (နောက်တန်း)
အသက်(၃၀)ရှိပြီဖြစ်ပေမယ့် လုံးဝခြေမကျပါဘူး။ သူ့ရဲ့အတွေ့အကြုံ၊ ခွန်အား၊ စိတ်ဓာတ်တွေက အသင်းအ
တွက်
ထောက်တိုင်တွေ ဖြစ်လာသလို ပြိုင်ဘက်ရှေ့တန်းလူတွေ ထိတ်လန့်တုန်လှုပ်စေတဲ့
အရှိန်အ၀ါကိုလည်း အပြည့်အ၀ ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်လက်ရွေးစင်
ခံစစ်မှူးဟာ ဗီဒစ်နဲ့တွဲပြီး ဧရိယာထဲကို ၀င်လာမယ့် ဘယ်အရာကိုမဆို
တားဆီးသွားမယ်လို့ မန်ချက်စတာ ပရိသတ်တွေက ယုံကြည်ချက်အပြည့် ပြောဆိုနေကြ
ပါတယ်။ ဖာဒီနန်ဟာ သိပ်မကြာခင်က ဒဏ်ရာရခဲ့သေးပေမယ့် ခုတော့ ဗိုလ်လုပွဲနွှဲဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ ကြေညာထားပါတယ်။
No comments:
Post a Comment